Wednesday, October 22, 2014

ထိုတစ်နေ့

ကျွန်တော် နှစ်သက်မိသော ကဗျာ လေးတစ်ပုဒ်ဖြစ်ပါတယ် ။ အမိ ၊ အဖ ရှိကြသေးတဲ့ သူငယ်ချင်းတို့ ကို ဒီကဗျာလေး လက်ဆောင်ပေးချင်ပါတယ်။ အနားမှာသာ ရှိရင် ဖတ်ပြမှာပါ...။ မိဘကျေးဇူးဆပ်နိုင်ကြပါစေ...။

                ထိုတစ်နေ့
ရွှေထီးလေးလက် ၊ ဖြန့်ဝန်းကျက်၍
ငြိမ်သက်အိပ်ပျော် ၊ နေဘိသော်လျှင်
ခေါ်၍မကြား ၊ အော်မကြားချေ
တရားရှုမှတ် ၊ နေဘိလတ်သို့
ပါးစပ်စေ့ကာ ၊ ချ မျက်လွှာနှင့်
ခုခါရုပ်ဆင်း ၊ မပျက်ယွင်းဘဲ
ဝင်းစက်သားရေ ၊ နဂိုနေနှင့်
အမေသေပန်း ၊ ပွင့်လေပြီ။

မကြားချင်ဆုံး
မကြည့်ချင်ဆုံး
မမြင်ချင်ဆုံး
အဆုံးတစ်ကွေ့  ထိုတစ်နေ့ကို
မတွေ့ ရအောင် ဘယ်သို့ရှောင်လည်း
ရှောင်လွှဲမရ ၊ အနိစ္စကို
စိတ်ကသိလည်း ၊ ဖြေနိုင်ခဲစွ
ပွဲတွေ့အပူ ၊ သဲမြေ့ဆူသည်
ဘယ်သူသိနိုင်ပါ့မလဲ အမေ.....။

မေးချင်တာလေး ၊ မေး၍မရ
ကျွေးချင်တာလေး ၊ ကျွေး၍မရ
ပေးချင်တာလေး ၊ ပေး၍မရ
မရလေလေ ၊ ရချင်လေပါ
အမေမရှိ ၊ အဖေမရှိ
မိဘမဲ့သား ၊ မျက်ကွယ်ထားလျက်
သွားရက်ခဲ့ပြီနော် အမေ....။

အမေ့ထံပါး ၊ သမီးသားတို့
ဝပ်တွားတုပ်ကွ ၊ ကန်တော့ကြပြီ
ထကာငိုကြွေး ၊ ယခင်ရှေးလို
ဆုမပေးနိုင်တော့ဘူးနော် အမေ.....။

သြော်.....
မေးချင်တာလေး ၊ မေး၍မရ
ကျွေးချင်တာလေး ၊ ကျွေး၍မရ
ပေးချင်တာလေး ၊ ပေး၍မရ
ရနိုင်သူများ ၊ သတိထားဖို့
ရှိထားအမေ ၊ တာဝန်ကျေဖို့
ဆုခြွေဆင့်ပွား ၊ မေတ္တာအားဖြင့်
အမေ့သား ကဗျာရေးမိပါသည်
သာဓုခေါ်နိုင်ပါစေ  အမေ....။
                        မြင်းမူမောင်နိုင်မိုး

Saturday, October 18, 2014

မောင့် စိတ်ကူး

ရင်မှာပျိုးတဲ့ မေတ္တာပန်းတွေ
ဖူးရာမှငုံ ငုံရာမှပွင့်
တင့်တယ်စွာနဲ့
မေ့ကေသာထူး ဆံနွယ်ဦးမှာ
မြတ်မြတ်နိုးနိုး တန်ဖိုးထားရ်ျ
ပန်ဆင်စေလို ပန်စေလိုသည်
ုဘုန်းမာင့်သဲ(သည်း)၀ယ်
တွယ်သောကြောင့်....။
                         မောင်တင်(အင်္ဂပူ)

Friday, October 10, 2014

လွမ်း

ကြွေရွက်ဝါ မြေမှာလူးရအောင်
လေရူးရယ် ပွေကာ နှောက်သလိုလား
ဖော်ကွဲသူ မောင်တစ်ယောက်တည်းမှာဖြင့်
မစဲရွာ ဝသန်မိုးသဲ(သည်း)ကြောင့်
ရွှဲရွှဲစို တစ်ကိုယ်လုံး အပြင်
နွမ်းလျလျ စိတ်အစဉ် နှင့်
သည်ဝေဒနာ ဖြေဆည်မရနိုင်ဘူး
ွအလှမ်းကွာ တော တစ်နေရာ နဲ့
တောင်တန်းပြာ သည် စခန်းဆီမှ
မြတ်နိုးစွာ ကြင်သူတစ်ဦးကို
တမ်းတကာနဲ့ မှန်းဆလို့     လွမ်း

ကျွန်တော်တို့ တတိယနှစ် out door ထွက်တုန်းက ရေးမိတဲ့ကဗျာ
ဲ့

Tuesday, August 5, 2014

အိမ်အပြန်

သံယောဇဉ်တွယ်
ဖြူနုငယ်  ခင့်ကိုမှတကယ်
ကြံရွယ်ကာ တိတ်တခိုးနဲ့
မောင့်ရင်ဝယ် မြတ်နိုးခဲ့ပေမဲ့
ဥပက္ခာ ဝဲဂယက်ထဲမှာ
မျှောရှာခဲ့ တလည်လည်
လွမ်းရပြီပေါ့ ချစ်သူရယ်
ပေးချင်တယ် မေတ္တာတွေကိုမှ
ရှောင်ဖယ်ကာ ထာဝစဉ်ငြင်းလေတော့
ဝေးရပြီ ပေါ့ သည်ဘဝနှယ်
ရှိုက်ကာငို ဆွေးအောင်လို့ရယ်
်အတိတ်ကံ အကြောင်းမလှခဲ့ပြီပေါ့
ဲပျို့နှလုံးသားငယ် တံခါးပိတ်ထားလို့
တိတ်တိတ်လေးနဲ့ ပြန်ပြီကွယ်

Friday, August 1, 2014

ဗေဒါလမ်းကဗျာ

နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့
နတ်ရေးသည်သို့
ဒီအကျပေမို့
အလှလတာပြင်က
ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလိုလို့
သူကိုယ်သူလျှင် ဘာထင်လေမသိ
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငပျံလတာစွန်းမှာ
သူ့အလွမ်းသံချည့်
အိုအချင်း ကျူရိုးရှင်
သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်
မင်းကိုယ်လဲ မင်းပင်လျှင်
ဘာထင်လို့လေလဲ
မဗေဒါ စုံဆန်လမ်းမှာ၊ ပန်းပန်ခဲ့သည်ပဲ

                                              ဇော်ဂျီ်

Wednesday, July 23, 2014

အမှန် နဲ့ အမှား

မြန်မာစာပေ အား လေ့လာရာတွင် အမှန် အမှား ခွဲခြား သိတတ်စေရန်

Monday, July 21, 2014

ပန်းပေးမိသူ

သူပန်ဖို့ ကြံကာရွယ်
မောင်ပေးတဲ့ အဖွေးထည်
စံပယ်ဖြူ သီတစ်ကုံးကိုဖြင့်
ပန်ချင်ဘူး သူရှောင်ဖယ်
ဆူးခက်လယ် ဝန်းရံခပါတဲ့
နှင်းဆီ ခိုင် ညှာတံပွင့်ကိုမှ
မြတ်နိုးမယ် သူ့စိတ်ကူးပါလို့
ပန်းပေးသူ သည်မောင်တွက်တော့
ဖြေချက်ကထူး
                         တင်မင်းဝေ (အင်္ဂပူ

Tuesday, June 17, 2014

အရိပ်စစ်(မိတ်ဆွေစစ်)

အရိပ်စစ်(မိတ်ဆွေစစ်)
ပူရှိန်ပြင်းပျ ခံစားရသည့်
ဒုက္ခပင်လယ် လှိုင်းကြမ်းလယ်ဝယ်
သောကပူဆွေး ငိုကြွေးရသည့်
သောကဝေဟင် ကောင်းကင်ပြင်ဝယ်
ရေဆန်လေထန် မုန်တိုင်းဒဏ်ကို
ခါခါအံတု အားမာန်ပြုရ်ျ
တွန်းလှန်ပယ်ရင်း ဖြတ်ကျော်နင်းရ်ျ
ဘ၀ရေကြော(ဘ၀အမော) သံသရာတောမှာ
ဝေဒနာတွေ ဝေးကာပ
စေတနာနဲ့တွေးကာဆပါလို့
အေးချမ်းမှုတွေ ပေးကာမျှလေတဲ့
အရိပ်စစ်(မိတ်ဆွေစစ်) နှင့် တွေ့ပါစေဟု
ခါခါဆုမွန်ခြွေပါကြောင်း
                      ဘုန်းဝေ(အင်္ဂပူ)
 
(ဒီကဗျာလေးက ကျွန်တော်ရေးဖွဲ့ထားတာပါ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေထဲက မိတ်ဆွေစစ်က ရာနှုန်းပြည့် ကောင်းကျိုးပေးတယ် ဆိုတာကို ရည်ညွန်းပါတယ် ဆန္ဒပြုပါတယ်)
 

Saturday, April 12, 2014

 ဆရာကြီး ဦးအောင်သင်း ရေးသားခဲ့တဲ့စာအုပ်များပဲဖြစ်ပါတယ်

မျိုးဆက်သစ်အတွက် ဂန္တ၀င် မိတ်ဆက်

အောင်သင်း၏အတွေးစကားများ 

အမွေ 

ရွှင်ရွှင်ပြုံးပြုံး စာစီစာကုံး 

သိချင်စိတ် 

ခေတ်သစ်ကမ္ဘာအတွက် ပညာရေးနှင့် စာရိတ္တပြုစုပျိုးထောင်မှု 

ကျွန်တော်ကျောင်းဆရာ 

 

 


စာရေးဆရာ ဇ၀န ရေးသားခဲ့တဲ့ စာအုပ်များဖြစ်ပါတယ် 

ကျွန်တော့်လင်

ကားထဲကမိန်းကလေး

 ဆိုးပေ ၁

အပျို စစ်ပါပဲရှင်

ဝတ္ထုတိုပေါင်းချုပ် ၁

ဆွေးကြွေလုသဲနှင့် မိုက်မလင်းနိုင်ဘု

အရုပ်ဆိုးမ

ဆွေးကြွေလုသဲ

ကောလိပ်ကျောင်းသား 

ကောလိပ်ဂျင် 

 


ဆရာကြီး စစ်ကိုင်းဦးဘိုးသင်း ရေးသားခဲ့သော စာအုပ်များဖြစ်ပါတယ်( ကျွန်တော်တို့ အဘိုး ၇ တန်းနှစ်လောက်က သိပ်ကြိုက်တယ်ဆိုတဲ့ စာအုပ်တွေပါ)

ဖာတစ်လုံးခေါင်းကျား

ငမဲကျွန် 

ကိုယ်တိုင်ရေးအတ္ထုပတ္တိ

စလေမင်းခွေး

Saturday, January 25, 2014

 ဆရာကြီးလယ်တွင်းသားစောချစ်ရေးသားခဲ့တဲ့စာအုပ်များဖြစ်ပါတယ်

သက်သေအမှုတည်ပါစေ
ပြန်မလော့မြစ်မှနာဂစ်ပုံပြင်များ
ပန်းလိုချင်အပင်ကိုပျိုးတတ်မှ
ဗုဒ္ဓဂါယာဘုရားဖူး
ပရိတ်သတ်ရှေ့မှာဟောပြောနည်း
လောကနတ်၏စည်းခတ်သံဝတ္ထုတိုများ
ကျော်ဆစ်ဒိုးနှင့်လမ်းထွင်သူ
ပန်းများပွင့်မွှေးစေသူ
ကျော်ဆစ်မှော်တောမှဒဏ္ဍာရီ
ပန်းမြိုင်လယ်မှဥယျဉ်မှူး

 ဆရာမဂျူးးရေးသားခဲ့သောစာအုပ်များဖြစ်ပါတယ်. . ။

ကောင်းကင်မပါသောညနှင့်အခြားဝတ္ထုတိုများ
ပင်လယ်နှင့်တူသောမိန်းမများ
ငါးမျှားခြင်း
ဘ၀ဇာတ်ဆရာ
အောက်ခြေသန်းတစ်ထောင်
အနုပညာရှင်များနှင့်စံလက်ရာများ
နိုဝင်ဘာမိုး
အစိမ်းရောင်အမွေအနှစ်
ကံကြမ္မာကိုမယုံကြည်ကြသူများ
ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ
ကျွန်မ၏သစ်ပင်
မရှိမဖြစ်မိုး
ချစ်သူလား စံကားတစ်ပွင့် ပွင့်ခဲ့တယ်
မျှော်လင့်ချက်နှင့်အခြားမျက်နာဖုံးဆောင်းပါးများ
ဂျူးဝတ္ထုတိုများ ၃၆ ပုဒ်
ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့
ညမီးကျီ
မြစ်တို့၏မာယာ
မိုးခေါ်တဲ့ပွဲ
မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက်
သူမင်းကိုဘယ်တော့မှ
ဆဲတတ်သူများနှင့်တစ်ညနေ
ဂျူးဝတ္ထုတိုများ
နာမည်နဲ့အသက်
လေထဲမှာပျံဝဲသူများ
လရဲ့အောက်ဘက်မိုင်အဝေးမှာ
ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ
ကွန်မတော်တော်ညံ့ခဲ့ပါတယ်
ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ
အက်ဆစ်တစ်ခွက်
နံရံ၏အခြားတစ်ဖက်
တွေ့ချင်လှပြီ
သူမ၏မိုး
ဖျားနေတဲ့မြို့
ချစ်ခြင်း၏အနုပညာ
အမှတ်တရ
မြရဲ့လ
ကြယ်ကြွေတို့ရဲ့ အတောင်ပံ
အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ
ပင်လယ်နှင့်တူသောမိန်းမများ

Sunday, January 19, 2014

ချစ်​ဦးညို

 ဆရာကြီး ချစ်ဦးညို ရေးသားခဲ့သော စာအုပ်များကို စုစည်းပေးထားပါတယ်. . ။

လေးသည်တော်ရှင်ရသေ့နှင့် ဗုဒ္ဓယဉ်ကျေးမှုဝတ္တုရှည်
သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝင်နေတဲ့ စကားများ
ဟိမ၀န္တာခရီးသည်
မငြိမ်းသာရဲ့ ရွေနန်းတော်
ငြိမ်းချမ်းရေး မဟာသံတမန်
အစီရ၀တီ ကုဏ္ဍလကေသာ
နေမင်းလမင်းသိန်းရာထောင်
လင်္ကာဒီပချစ်သူ
ချစ်သောပါဒဧကရီ
မဏိစန္ဒာဥဒါန်း
ရှင်စောပု
ဒေ၀စ္ဆရာနှင့်တွေ့ဆုံခြင်း
ရတနာဂီရိအကျဉ်းသား
လာကဓံနှင့် လမ်းလျှောက်အတူထွက်ခြင်း
  ချစ်သူမင်းနန္ဒာ
နှင်းကေသရာချစ်တဲ့သူရဲကောင်း
ယာဇ
ဝိသာခါနှင့်သီတာ
ဒုဌဂါမဏိ
မဟာသေနာပတိ
စက္ကရုနှင့် ဘဒ္ဒါ
စာမရီသို့ထူးထူးခြားခြား

Saturday, January 18, 2014

တက္ကသိုလ်​ ဘုန်းနိုင်

ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ၏ စာအုပ်များကို စုစည်းပေးထားခြင်းဖြစ်ပါသည်။

IQ မည်မျှပုံ၍ ယုံရမည်နည်း
နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်
သူ့ကျွန်မခံပြီ
လွမ်းတေးမဆုံးစေနှင့် စောသခင်
နွေကန္တာဦး
ချစ်သောဤကမ္ဘာ
ပင်ဒိုရာအိုးပွင့်ပြီး ဟားပီးဇ်တို့ပျံသန်းချိန်
လွမ်း မြေခရွက်ဝါ
သူငယ်ချင်းလို.ပဲ ဆက်ရ်ျခေါ်မည် ခိုင်
မိုးတွေရွာမှဖြင့်လျှင်ကွယ်
တန်ခူးလေနှင့်လျော့တော့သည်
တပြည်သူမရွှေထား
မိုးညအိပ်မက်မြူ
ဤမြေမှသည် ပညာရဲ့သဘော
ဝသန်လေချိန် မှန်ကူး
ညီမလေးရယ် စိုးရိမ်မိတယ်
မောင့်ဘ၀ ညအလားကွယ်