Tuesday, August 5, 2014

အိမ်အပြန်

သံယောဇဉ်တွယ်
ဖြူနုငယ်  ခင့်ကိုမှတကယ်
ကြံရွယ်ကာ တိတ်တခိုးနဲ့
မောင့်ရင်ဝယ် မြတ်နိုးခဲ့ပေမဲ့
ဥပက္ခာ ဝဲဂယက်ထဲမှာ
မျှောရှာခဲ့ တလည်လည်
လွမ်းရပြီပေါ့ ချစ်သူရယ်
ပေးချင်တယ် မေတ္တာတွေကိုမှ
ရှောင်ဖယ်ကာ ထာဝစဉ်ငြင်းလေတော့
ဝေးရပြီ ပေါ့ သည်ဘဝနှယ်
ရှိုက်ကာငို ဆွေးအောင်လို့ရယ်
်အတိတ်ကံ အကြောင်းမလှခဲ့ပြီပေါ့
ဲပျို့နှလုံးသားငယ် တံခါးပိတ်ထားလို့
တိတ်တိတ်လေးနဲ့ ပြန်ပြီကွယ်

Friday, August 1, 2014

ဗေဒါလမ်းကဗျာ

နေလုံးရယ်နီ
တိမ်ပန်းချီနေသွေးနဲ့
နတ်ရေးသည်သို့
ဒီအကျပေမို့
အလှလတာပြင်က
ကျူရိုးရှင်လှေကလေးနဲ့
မျှော်ငေးလိုလို့
သူကိုယ်သူလျှင် ဘာထင်လေမသိ
ဘယ်ပြောင်းညာပြန်နဲ့
ဟိုငပျံလတာစွန်းမှာ
သူ့အလွမ်းသံချည့်
အိုအချင်း ကျူရိုးရှင်
သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်
မင်းကိုယ်လဲ မင်းပင်လျှင်
ဘာထင်လို့လေလဲ
မဗေဒါ စုံဆန်လမ်းမှာ၊ ပန်းပန်ခဲ့သည်ပဲ

                                              ဇော်ဂျီ်