Monday, January 26, 2015

ဘေးကင်းစေကြောင်းနည်းလမ်းကောင်း

ဘေးကင်းချင်ရင် ဘေးကင်းတဲ့သူကို သတိရပါ။ ဆင်းရဲကင်းချင်လည်း ဒီအတိုင်းပဲဆင်းရဲကင်းတဲ့ သူကိုသတိရပေါ့။ ဘယ်သူ့ကို သတိရ ရမလဲဆိုတော့ #မြတ်စွာဘုရား ကိုပါ။ ဘေးရန်ခပ်သိမ်းငြိမ်းတော်မူသော မြတ်စွာဘုရားလို့ကိုယ့်စိတ်ထဲ မှာ ကြည်ညိုနေမယ် နှုတ်က အသံထွက်ပြီး ဂုဏ်တော်တွေကိုကြည်ညိုနေမယ်ဆိုရင် ကိုယ့်ဆီမှာ လည်း ဒီအစွမ်းသတ္တိတွေ ဝင်လာတာပေါ့. . .ဂုဏ်တော်ကို ပူဇော်နိုင်ကြပါစေ ကုသိုလ်ထူးတွေရကြပါစေ
ဆရာတော် အရှင်ဆန္ဒာဓိက
(လိုတရနှလုံးသားစာအုပ်မှ ထုတ်နှုတ်ထားခြင်းဖြစ်ပြီး အကျဉ်းချုပ်ဖော်ပြပေးခြင်းဖြစ်ပါသည်) မျှဝေပေးခြင်းဖြင့် ကုသိုလ်နိုင်ကြပါစေ

"မျက်ဖြေလင်္ကာ"

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ၊ မက်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်၊ စိမ်းစည်မကွာ
မင်းချမ်းသာကား
သမုဒ္နရာ၊ ရေမျက်နှာထက်
ခဏတက်သည့်၊ ရေပွက်ပမာ
တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့မအားသတ်
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ
လူတကာတို့၊ ခန္ဓာခိုင်ကျည်
အတည်မမြဲဖောက်လွှဲတတ်သည်
မချွတ်စသာ
သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်
သံသာစက်၌်၊ ကြိုက်လတ်တွန်မူ
တုံ့မယူလို၊ ကြည်ညိုစိတ်သန်
သခင်မွန်ကို၊ ချန်ဘိစင်စစ်
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။ ။
(အနန္တသူရိယအမတ်)
အရင်တစ်ပါတ်က စာမေးပွဲရှိတဲ့အတွက် တင်မပေးဖြစ်ခဲ့ပါဘူး။

စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာစေချင်ရင်

၁.ဒုက္ခကိုပုံကြီးမချဲ့ပါနဲ့
၂.မိမိအလုပ်ကို ခင် တွယ်ပါ
၃.သိမ်ငယ်စိတ်ကိုလက်မခံပါနဲ့
၎.သူတစ်ပါးကိုအထိုက်အ လျောက်နားလည်ပေးလိုက်ပါ
၅.အချိန်ယူပြီးကုစားရမည့်ပြသနာရှိသည်ကိုနားလည်ပါ
၆.အပန်းဖြေရင်း ဝါသနာပါတဲ့တစ်ခုခုလုပ်ပါ
၇.စကားပြောဖော်ရှာပါ
၈.စိတ်စေတနာသန့်သန့် သူတစ်ပါးကို ကူညီလိုက်ပါ
၉.ပြသနာကိုခေါင်းအေးအေးထားပြီးဖြေရှင်းပါ
(ဆောင်းပါးရှင် ဒေါက်တာလွင်ကို ရေးသားသည့် အချက်များကို သူငယ်ချင်းများ သိမြင် လာစေဖို့ ကူးယူဖော်ပြပါသည်)

''ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) "

ခါထုတ်လို့သာ ရစတမ်းဆိုလျှင်...
ရင်မှ ဝေဒနာကို ခါထုတ်ပစ်လိုက်ချင်၏
ဖြူ တစ်ကောင် ခါထုတ်လိုက်သည့် ဆူးများပမာ
ကိုယ့်ဝေဒနာက တစ်ပါးသူကို
အန္တရာယ်ဖြစ်မှာတော့ မလိုလားမိပြန်
အန်ထုတ်လိုက်မှ ပေါ့ပါးသွားမည် ဆိုပါက
ရင်ထဲမှ ခံစားမှုတို့ကိုအန်ထုတ်လို့ရချင်ပြန်သည်
ဇီဝဇိုး ငှက်တစ်ကောင်အန်ထုတ်လိုက်သည့်
ပစ္စည်းနှယ်သာ တန်ဖိုးရှိနေစေချင်တာလည်း
အမှန်ပင်။
ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သီင်္ဂါရမြနဒီ စာအုပ်မှ။

တပြည်သူမရွှေထား - ( တက္ကသိုလ်ဘုန်းနိုင်)

သည်ဘ၀တွင်
ကိုယ်ပင်လက်လျှော့
နေရစ်ပေါ့ဟု
ပတ်ကျော့ ခိုင်တုံး
အချစ်ထုံးလျှင်
လုံးလုံးမပြေ
ရှိပါစေလည်း
ဖြေရဖျောက်ရ
လွမ်းနောင်တနှင့်
ဘ၀ခြားသူ
တပြည်သူကို
မြွတ်ကြူမြခွန်း
နှောင်းချစ်ပန်းနှင့်
ပျံ့မွှန်းဆိုလျက်
ကိုယ်နှုတ်ဆက်မည်
မှားချက်သည်တွင် ဆုံးပါတော့.. . .
သြော်. . .ထားရယ်. . .။ သည်တွင် ဆုံးပါစေတော့ . . . ဆုံးပါစေတော့

(ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား စာအုပ်မှ)

စိတ်ဓာတ်ကျတတ်ရင်

မီးသွေးခဲ လုပ်မယ်လား စိန် လုပ်မှာလား

မီးသွေးခဲနဲ့ စိန် ဆိုတာက မူလ ကာဗွန် ဒြပ်စင် များဖြစ်ကြပါတယ် . . မီးသွေးခဲဆိုတာ မြေကြီးရဲ့  အပေါ် ယံလောက်မှာ ပဲ လုပ်ယူ လို့ ဖြစ်ရတဲ့ အရာပါ
စိန် ဆိုတာက ဟိုးးး မြေကြီးအောက် Pressure ဒဏ် တွေ အပူဒဏ်တွေ နဲ့မှ ဖြစ်လာတဲ့ အရာပါ မူလ ဒြပ်စင်တူကြသော်လည်း ဖြစ်ပေါ်လာတဲ့ ရလဒ်နဲ့ ပေးဆပ်ထားတဲ့ အတိုင်းအတာတွေ မတူကြဘူးနော်
သူငယ်ချင်းတို့လည်း ဘဝမှာ စိတ်ညစ်စရာတွေ စိတ်ပျက်အားငယ်စရာတွေ အကြပ်အတည်းတွေ ကြုံလာတိုင်း ဒီ အမှန်တရားလေးကို သတိရနော် ငါမီးသွေးခဲ လုပ်မှာလား စိန်တုံး လုပ်မှာလား ဆိုတာ ကိုယ့်ဘာသာဆုံးဖြတ်နော် စိတ်ပျက်ဝမ်းနည်းစရာ အကြပ်အတည်းတွေ ကြုံလာတိုင်း ကိုယ့်ကိုယ်ကို ပြန်ကြည့် ငါစိန်တုံး ဖြစ်လာတော့မှာ ဒီ ဒဏ်တွေ ခံနိုင်မှ ဖြစ်မယ် ဆိုတာကိုတွေး ပြီး ရင်ဆိုင် အောင်မြင်မှုတွေအလီလီ ရနိုင်ကြပါစေ

ကဲ သူငယ်ချင်းရေ မီးသွေးခဲ လုပ်မှာလား စိန်တုံးကြီးလုပ်မှာလား ?

ဆရာတစ်ယောက်၏ သြဝါဒကို share ပါသည် . . . ။

ဘယ်လိုကြိုးစားတည်ဆောက်ကြမှာလဲ?

စာဖတ်သူဟာ ကြိုးစားအားထုတ်သူဖြစ်ပါလျက် မအောင်မြင် ပဲဖြစ်နေရခြင်းဟာ. . .ဘာ
ို လုပ်ရမယ်ဆိုတာသိပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို သတိမေ့နေတာဖြစ်မှာပါ. . . နှစ်မျိုး ခွဲကြည့်ရင် . . . Work Hard နဲ့ Work Smart ဆိုပြီးတွေ့ရမှာပါ။ Work Hard ဆိုတာ က အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်တာပါ။ ဘယ်လိုလုပ် ကိုင်လဲဆိုတော့ လုပ်သာလုပ်နေတယ် . , မပြီးပြတ်ဘူး ပေါ့ ဥပမာ . . စီးပွားရေး မှာ ကြိုးစားပါလျက်နဲ့ မချမ်းသာတာ ပိုက်ဆံသေချာမစုလို့ပါ ၊ ဘယ်လိုသုံးမယ်ဆိုတဲ့ Plan မရှိလို့ပါ။ စာကျက်တဲ့အခါလည်း ဒီအတိုင်းပါပဲ မျက်လုံးထဲ စာကိုမြင်နေ ပေမယ့် စိတ်က တခြားရောက်ချင် ရောက်နေမယ် ။ အသေချာ မကျက်လို့ ဖြစ်ချင်ဖြစ်မယ် အဲဒီတော့ နောက်ဆို တစ်လုံးမှ မမှတ်မိတော့တာပါပဲ. . .။ Work Smart မှာ Plan ရှိပါတယ်။ Plan ချခဲ့တဲ့ သူတိုင်း မအောင်မြင်ကြပေမယ့် အောင်မြင်တဲ့ သူတိုင်းမှာ Plan ကိုယ်စီရှိခဲ့ကြတာကတော့ သတိပြုစရာပါ. . .။ Work Hard မဟုတ်ပဲ Work Smart ဖြစ်အောင် လုပ်နိုင်ကြပါစေ။ အောင်မြင်မှု အလီလီနဲ့ ပျော်ရွှင်နိုင်ပါစေ. .။

Ok! Let's work Smart!!!!!

လက်ပစ်ဗုံး

ဆရာမြင့်နဲ့ မဖဲဝါတို့ထိပ်တိုက်တွေ့ကြသည်
ဆရာမြင့်က မဖဲဝါ နင်ငါ့တို့လမ်းကိုဝင်မရှူပ်နဲ့
ဟားဟားဟား. . ''ငမြင့်. .နင်ကပဲပြောရတယ်
ရှိသေး ရာရာစစ''. . ဆရာမြင့် မျက်နှာတစ်ချက်
ပျက်သွားသည် ထို့နောက်. .သူ့အိတ်ထဲမှ
အင်းတစ်ချပ်ကိုဆွဲထုတ်လိုက်သည် ပါးစပ်နားကပ်ပြီး
တစ်ခုခု ရွတ် ကာ မဖဲဝါဆီ ပစ်လိုက်လေသည်
'မဖဲဝါက ဟန်မပျက်' 'ငမြင့် နင့်အစွမ်းဒါအကုန်ပဲလား'
''ဒီသိမ်ဝင်သပိတ်ကွဲက ဘာလုပ်ဖို့လဲ. .ကလေးကစားဖို့လား''
ဆရာမြင့် အကြီးအကျယ်တုန်လှူပ်သွားလေသည်
ထို့နောက်သူ့တပည့်ကိုခေါ်လိုက်သည် . .မောင်တင့်
'ဗျာဆရာကြီး' 'ငါ့အိတ်ထဲက ဟာပေးစမ်း' မောင်တင့်က
ဆရာမြင့်အိတ်ထဲမှ ပစ္စည်း ကိုထုတ်ပေးလိုက်လေသည်
ဆရာမြင့်က ရှေးနည်းတူ ပါးစပ်နားတေ့ကာ တစ်ခုခု
ပြုပြီး ပစ်လိုက်လေရာ အုန်း ဆိုတဲ့ မြည်သံကြီးနဲ့အတူ
မီးတောက်မီးလျှံ နှင့် မီးခိုးများထွက်လာလေသည်
မီးခိုးများကွယ်ပျောက်ချိန်တွင် မဖဲဝါမှာ သွေးအိုင်ထဲတွင်
လဲလျက်အသက်မရှိတော့ပေ. .မောင်တင့်က 'ဆရာကြီး
ခုန သုံးတာ ဘာအင်းလဲ ဟင်'' . . . 'အင်းမဟုတ်ဘူး
မောင်တင့်ရ. . အဲဒါ လက်ပစ်ဗုံးကွ''
'လက်ပစ်ဗုံး'. . တဲ့