Monday, January 26, 2015

တပြည်သူမရွှေထား - ( တက္ကသိုလ်ဘုန်းနိုင်)

သည်ဘ၀တွင်
ကိုယ်ပင်လက်လျှော့
နေရစ်ပေါ့ဟု
ပတ်ကျော့ ခိုင်တုံး
အချစ်ထုံးလျှင်
လုံးလုံးမပြေ
ရှိပါစေလည်း
ဖြေရဖျောက်ရ
လွမ်းနောင်တနှင့်
ဘ၀ခြားသူ
တပြည်သူကို
မြွတ်ကြူမြခွန်း
နှောင်းချစ်ပန်းနှင့်
ပျံ့မွှန်းဆိုလျက်
ကိုယ်နှုတ်ဆက်မည်
မှားချက်သည်တွင် ဆုံးပါတော့.. . .
သြော်. . .ထားရယ်. . .။ သည်တွင် ဆုံးပါစေတော့ . . . ဆုံးပါစေတော့

(ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူမရွှေထား စာအုပ်မှ)

No comments:

Post a Comment