Monday, January 26, 2015

''ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) "

ခါထုတ်လို့သာ ရစတမ်းဆိုလျှင်...
ရင်မှ ဝေဒနာကို ခါထုတ်ပစ်လိုက်ချင်၏
ဖြူ တစ်ကောင် ခါထုတ်လိုက်သည့် ဆူးများပမာ
ကိုယ့်ဝေဒနာက တစ်ပါးသူကို
အန္တရာယ်ဖြစ်မှာတော့ မလိုလားမိပြန်
အန်ထုတ်လိုက်မှ ပေါ့ပါးသွားမည် ဆိုပါက
ရင်ထဲမှ ခံစားမှုတို့ကိုအန်ထုတ်လို့ရချင်ပြန်သည်
ဇီဝဇိုး ငှက်တစ်ကောင်အန်ထုတ်လိုက်သည့်
ပစ္စည်းနှယ်သာ တန်ဖိုးရှိနေစေချင်တာလည်း
အမှန်ပင်။
ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သီင်္ဂါရမြနဒီ စာအုပ်မှ။

No comments:

Post a Comment