Thursday, February 19, 2015

သောကခြရာ (၁)

သခင်. . . .
မြင်စမ်းတော့လေ
နေဆယ်စင်းကို၊ ရင်တွင်းလှောင်ပိတ်
သော့ချိတ်ဆွဲခတ်၊ လှပ်မပြသာ။

ကြင်နှာနှောင်ရစ်၊ ချစ်သတဲ့လား
စကားသည်လို ဆိုတတ်သည့်ငှက်
ပြေးထွက်လေမှ သည်ဘဝတော့
နှုတ်အ ပြီပဲ၊ အသည်းသာရှိ
အလွမ်းချည်းကျန်။

အစဉ် . . .
ရင်ထဲပတ္တမြား၊ အလွမ်းကြားနစ်
နှစ်ရှည်လကြား ရာသီသာပြောင်း
ဟောင်းမယ်လို့များ ထင်သလားလေ
သောကခြေရာ၊ ဝေဒနာပင်
ရှင်မြဲ ရှင်နေ
သခင်ကြည့်လှည့်မြင်တော်မူ
မောင်စိန်ဝင်း(ပုတီးကုန်း)

No comments:

Post a Comment